လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စေတနာရှင်အလှူရှင်များက စားသောက်စရာများ လာရောက်လှူဒါန်း

လားရှိုး နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီတိမ်းရှောင်နေကြရသော ယာယီနေရပ်စွန့်ခွာသူများသည် နေရပ်မပြန်နိုင်သေးသဖြင့် ၎င်းတို့အတွက် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီနှင့် အခြားအသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိနေကြကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာသူများအတွက် အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ စေတနာရှင်ပြည်သူများအပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စေတနာရှင် အလှူရှင်များကလည်း လာရောက်လှူဒါန်းလျက်ရှိနေကြေကြောင်း သိရသည်။

လားရှိုးမြို့တွင် လာရောက်တိမ်းရှောင်နေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ကျေးသီး၊ မိုင်းကိုင်၊ မိုင်းနောင်၊ မိုင်းရှူး စသည့်မြို့များမှ စေတနာရှင်အလှူရှင်များက ကိုယ်တိုင်လာရောက် လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် နိုဝင်ဘာလ ၅ ရက်နေ့တွင် ယာယီနေရပ်စွန့်ခွာသူဦးရေ  နှစ်ထောင်ဝန်းကျင်ခန့်ထိ ရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)