နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသော တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ပေးအပ်

တောင်ကြီး  နိုဝင်ဘာ  

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ စေတနာရှင် အလှူရှင်(၂၂၈)ဦးက ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ် (၆၅၆,၁၀၀,၀၀၀) (ခြောက်ထောင်ငါးရာခြောက်ဆယ့်တစ်သိန်း)သိန်းအား ဂုဏ်ပြုပေးအပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီး လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း အခမ်းအနား သို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြကြောင်းကြောင်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)