မိတ္ထီလာ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း၊ ဆိုလာစနစ်ဖြင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းနှင့် ဂါလံ ၁၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၅၀)နှင့် ပြည်သူထည့်ဝင်ငွေ ၄၅သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းအား အရှည်ပေ ၅၅၀၊ အကျယ် ၁၂ပေ၊ ထု ၆လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဆိုလာစနစ်ဖြင့် ရေသန့်စင်စက် တပ်ခြင်းခြင်း လုပ်ငန်းနှင့် ဂါလံ ၁၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ၎င်းစီမံကိန်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ယင်းစီမံကိန်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန် ပြည့်မီခြင်းရှိမရှိ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်.
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ တောင်ဘိုကျေးရွာရှိ အိမ်ခြေ ၂၁၀ အိမ် လူဦးရေ ၁၁၀၆ ဦးတို့မှာ ရာသီမရွေး သွားလာနိုင်သည့်အပြင် သန့်ရှင်းသော သောက်သုံးရေအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)