မက်မန်းမြို့နယ်တွင် မိုးစပါး ပန်းတိုင်အထွက်နှုန်းစံကွက် ရိတ်သိမ်းပွဲအခမ်းအနား ကျင်းပ

မက်မန်း နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့က မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာ စံပြစိုက်ကွက် တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက မိုးစပါးစံကွက် ရိတ်သိမ်းရာတွင် တောင်သူများလိုက်နာရမည့် အချက်များ၊ မိုးစပါး ပန်းတိုင်အထွက်နှုန်း စိုက်ပျိုးခဲ့သည့် အခြေအနေများ၊ စိုက်ပျိုးရေးတောင်သူများအား နည်းပညာနှင့် မြေဩဇာ ထောက်ပံ့ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးခိုင်တို့ တောင်သူပညာပေး အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များက ဆောင်းဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးတောင်သူများအား နေကြာ၊ ပန်းနှမ်းနှင့် ဆီမုန်ညှင်မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ရာ စိုက်ပျိုးရေးတောင်သူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုးစပါး ပန်းတိုင်အထွက်နှုန်း စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ သွားရောက် အားပေးခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)