နမ့်စန်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နမ့်စန်() နိုဝင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို မန်နေ့နံနက် ၉နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ  အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ဖြေဆိုယှဉ်ပြိုင်နေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ   Grade(5) မှ Grade (9) အထိ အင်္ဂလိပ်စာဘာသာစွမ်းရည်ပြိုင်ပွဲဝင်  ကျောင်းသား၊ ကျောင်းသူ (၇၉)ဦးနှင့် သင်္ချာဘာသာ စွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၉၇)ဦး၊ စုစုပေါင်း (၇၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဖြေဆိုအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများထဲမှ အတန်းအလိုက် အမှတ်အများဆုံးရရှိသူ ()ဦးစီကို ညနေပိုင်းတွင် နှုတ်ဖြေနှင့် ကျပန်းစကားပြော ဆက်လက်ယှဉ်ပြိုင်စေခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။    

သူရအောင်(နမ့်စန်)