ပုဗ္ဗသီရိ နိုဝင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုလေ့လာအား ကောင်းစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ ကိုယ်တိုင်စဉ်းစား တွေးခေါ်တတ်သည့် အသိများရရှိစေရန်၊ တီထွင်ကြံဆတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အစိုးရအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း ၂၉ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၄ ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း ၃၃ ကျောင်းမှ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲဝင် ၁၅၂ ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဝင် ၁၇၂ ဦး၊ စုစုပေါင်း ၃၂၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက် မှ ၅ ရက်ထိ နှစ်ရက်ဆက်တိုက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)