ညောင်ဦး နိုဝင်ဘာ ၄
လက်မှုအနုပညာတစ်မျိုးဖြစ်သည့် ပုဂံခေတ်ကပင် မြန်မာ့လက်မှုအနုပညာတစ်မျိုးဖြစ်သည့် ယွန်းထည်လုပ်ငန်းသည် အနုစိတ် လုပ်ကိုင်ရပြီး ပြည်တွင်း/ပြည်ပခရီးသွားများ အထူး ကြိုက်နှစ်သက်သည့် ယွန်းထည်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်မှုများပြား လာခဲ့ပြီး ယွန်းပညာရှင်အချို့မှ မတူခြားနားသည့် ဖန်တီးမှုများရှိလာခဲ့ကာ ကြက်ဥ၊ ဘဲဥခွံများအသုံးပြု၍ ယွန်းပစ္စည်းထုတ်လုပ်မှု ပစ္စည်းများ လူကြိုက်များအသုံးပြုလာခဲ့ကြောင်း သိရသည်။
ယွန်းထည်ပစ္စည်းများ ပြုလုပ်ရာတွင်လည်း တင်းဝါး၊ မဲဇာဝါး၊ မဲတင်းခါးဝါးသုံးမျိုးသာ ယွန်းလုပ်ငန်းအတွက် လုပ်ကိုင်ကြပြီး တင်းဝါးတစ်မျိုးသာ ပို၍အသုံးများကြောင်း သိရသည်။ မြန်မာ့လက်မှုအနုပညာ ယွန်းလုပ်ငန်းဖြစ်သည့် ယွန်းထည်ပစ္စည်းထုတ်လုပ် ရာတွင်လည်း ခွေတည်ခြင်း၊ အဖြူစွတ်ခြင်း၊ ဓားကောက်ခြစ်ခြင်း၊ စဉ့်ဖတ်ကြမ်းခြင်း၊ မြေခံခြင်း၊ သားရိုးချော ခြင်း၊ အချောခံခြင်း၊ ယွန်းတပ်ခြင်း၊ ရက်ထည်လုပ်ခြင်းတို့ဖြင့် အဆင့်ဆင့်ပြုလုပ်ကြကြောင်း သိရသည်။
ယွန်းထည်ပြုလုပ်ကြရာတွင်လည်း ကျွမ်းကျင်ယွန်းလုပ်သားများနှင့် အနုစိတ်ပြုလုပ်ရသည့် ယွန်းထည်လုပ်ငန်းများတွင် ယွန်းပညာရှင်များ၊ ယွန်းလုပ်သား၊ ယွန်းအလုပ်သမားများ လုပ်အားခကွာခြားကြကြောင်း၊ ကျွမ်းကျင်ယွန်းလုပ်သားများ တစ်ရက် ၂၀၀၀၀ ကျပ်ထိ ရရှိကြပြီး အခြေခံယွန်းလုပ်သားများ ၇၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိရရှိကြကြောင်း သိရသည်။ ယွန်းထည်ပစ္စည်း ပြုလုပ်ရောင်းချကြရာတွင်လည်း ယွန်းလက်ဘက် အုပ်၊ ယွန်းဓာတ်ဘူး၊ ယွန်းစက်တီ၊ ယွန်းဘုရားပန်းအိုး၊ ယွန်းသောက်ရေခွက်၊ ယွန်းရေ တကောင်း၊ ယွန်းလင်ဗန်း၊ ယွန်းပလို့စသည့် ယွန်းပစ္စည်းအမျိုးပေါင်းတစ်ရာကျော် ပြုလုပ်ရောင်းချကြပြီး ယွန်းလုပ်ငန်း အား ဆန်းသစ်တီထွင်မှုအဖြစ် အသုံးပြုပြီးသော ဘဲဥ၊ ကြက်ဥခွံများကို ရေနွေးပြုတ်ကာ အခွံ အတွင်းရှိ မှိုကပ်နိုင်သည့် အရည်လွှာအားခြစ်ထုတ်ကာ အခြောက်လှန်းပြီး ယွန်းထည်များတွင် ပုံစံတစ်မျိုးထုတ်လုပ် ထားနိုင်ခဲ့ကြောင်း ဘဲဥ၊ ကြက်ဥခွံများ အသုံးပြု၍ သစ်သီးထည့်လင်ဗန်း၊ ယွန်းသောက်ရေခွက်၊ ယွန်းဓာတ်ဘူး၊ ယွန်းရေနွေးသောက်ခွက်၊ ဘဲဥကပ်ယွန်းအုပ်တို့အား ဖန်တီးပြုလုပ်ကာ ရွှေလိပ်တူးဘုရားတွင် ရောင်းချလျက်ရှိကြောင်း ညောင်ဦးမြို့၊ အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ကွက်မှ ဘဲဥ၊ ကြက်ဥခွံများအသုံးပြုကာ ယွန်းလုပ်ငန်းလုပ်ကိုင်နေသည့် မနန္ဒာဝင်းမှ ရှင်းပြသည်။ ယွန်းပစ္စည်းများတွင် သစ်စေးမခြောက်ခင် ဘဲဥ၊ ကြက်ဥအခွံ အချောဘက်ကို အပြင်ဘက်ထားပြီး ကပ်ထားသည်မှာ ချောမွေ့ပြီး ယွန်းချစ်မြတ်နိုးသူတို့အကြိုက် ဖြစ်နေ ကြောင်းလည်း သိရသည်။
ဒီပါလင်း