ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်နှင့် သင်္ချာစွမ်းရည်ဖြေဆို

ပင်လောင်း နိုဝင်ဘာ ၄

ရှမ်ပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် အင်္ဂလိပ်နှင့် သင်္ချာစွမ်းရည် ရေးဖြေအား ယနေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုခဲ့သည်။

စွမ်းရည်ဖြေဆိုရာ၌ အင်္ဂလိပ်စွမ်းရည်တွင် ပဉ္စမတန်းမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ ဆဋ္ဌမတန်းမှ (၁၂)ဦး၊ သတ္တမတန်းမှ (၅)ဦး၊ အဋ္ဌမတန်းမှ (၁၂) ဦး၊ နဝမတန်းမှ (၇)ဦး၊ သင်္ချာ စွမ်းရည်တွင် ပဥ္စမတန်းမှ ကျောင်းသား၊ ကျောင်းသူ(၁၉)ဦး၊ ဆဋ္ဌမတန်းမှ (၁၁)ဦး၊ သတ္တမတန်းမှ (၄)ဦး၊ အဋ္ဌမတန်းမှ (၁၂) ဦး၊ နဝမတန်းမှ (၁၄)ဦး ဖြေဆိုခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စွမ်းရည် ဖြေဆိုသူများက ကျပန်းနှင့် အထွေထွေဗဟုတနုတ်ဖြေဖြင့် ဖြေဆိုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)