နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပင်လောင်းလမ်းဘေးဝဲယာတွင် ပြောင်းနှင့် နေကြာသီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ကွင်းဆင်ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအနီးတွင် ပင်လောင်းလမ်းဘေးဝဲယာတွင် ပြောင်းနှင့် နေကြာသီးနှံများ စိုက်ပျိုးနိုင်ရေး ကွင်းဆင်ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူများနှင့်တွေ့ဆုံစဉ် ပင်လောင်းလမ်းဘေးဝဲယာတွင် ပြောင်းနှင့် နေကြာသီးနှံများစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပင်လောင်း လမ်းဘေးဝဲယာရှိ လယ်ယာမြေများ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း၊ လက်ရှိစိုက်ပျိုးနေသည့် မိုးစပါးအခြအနေ၊ ဆောင်းသီးနှင့် နွေသီးနှံပြောင်းနှင့် နေကြာသီးနှံများ စိုက်ပျိုးမည့်အခြေနေများကို တောင်သူများက ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးသီးနှံများအား ယခင်အထွက်နှုန်းထက် တိုးတက်ထွက်ရှိအောင် စိုက်ပျိုးစေလိုကြောင်း၊ မိုးစပါးများရိတ်သိမ်းရာတွင် အလေအလွင့်မရှိစေရေး၊ မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုနှင့် စိုက်ပျိုးရေရရှိရေးကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များ ကိုမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအနီးတွင် ပင်လောင်းလမ်းဘေးတွင် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု ကို လှည့်လည် ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) သို့ ရောက်ရှိပြီး ဆင်သေချောင်းတံတား(ကျောက်ချက်) (၄) လမ်းသွား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ ချောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ မေတ္တာကန်သို့ရောက်ရှိပြီးကန်အတွင်း ကြာပန်းများ စိုက်ထည့်ရေး၊  အများပြည်သူများ အပန်းဖြေအနားယူနိုင်သည့် နေရာဖြစ်စေရေး၊ ကန်အတွင်း၊ ကန်ပတ်ဝန်ကျင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)