မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အဆင့် အ​ခြေခံပညာ​ကျောင်း​ပေါင်းစုံ အားကစားပွဲ​တော် ဖွင့်ပွဲအခမ်းအနားနှင့် ​ဘောလုံးပြိုင်ပွဲကျင်းပ

မိုင်းဖြတ် နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ​ခြေခံပညာ​ကျောင်း​ပေါင်းစုံ အားကစားပွဲ​တော် ဖွင့်ပွဲအခမ်းအနားနှင့် ​ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ည​နေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်က အဖွင့်အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌအား ပြိုင်ပွဲဝင်အားကစားသမားများက အ​လေးပြု ခဲ့ပြီး အားကစားသစ္စာဓိဌာန်ကို သီဆိုခံယူကြ​ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် အသက် (၁၈) နှစ်​အောက် (ကျား) ​​ဘောလုံးပြိုင်ပွဲကို အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က(ဟိုနား)အသင်းတို့က ယှဥ်ပြိုင်ကစား ခဲ့ကြသည်။ အဆိုပါ ​ကျောင်းသားအားကစားပွဲ​တော်တွင် ပိုက်​ကျော်ခြင်း(ကျား)၊ ဘောလုံးပြိုင်ပွဲ (ကျား/မ) ​ဘော်လီ​ဘော၊ ကြက်​တောင်ရိုက်၊ စားပွဲ တင်တင်းနစ်၊ ​ပြေးခုန်ပစ်၊ မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀) နှင့် အားကစားနည်းမျိုးစုံတို့ပါဝင် မည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)