လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအ‌ဝေးအခမ်းအနား ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ၊အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်း၊ မြိုနယ်အသင်းစုရုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ကြ‌ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်နှင့် တိုင်းအသင်းစုချုပ်ဥက္ကဌ ဦးတင်မြင့်တို့မှ တက်‌ရောက်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားတွင်အသင်းဝင် (၅၆) သင်းသို့ အစုပေါ်အမြတ်ငွေ (၁၀၉၂၀၀၀) ကျပ် ရင်းနှီးငွေပေါ်ခွဲ‌ ဝေငွေ (၁၆၃၈၀၀၀) ကျပ်နှင့် ရောင်းဝယ်ရေးအသင်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ‌ ပေးအပ်ချီးမြှင့်ဆောင်ရွက်နိုင်ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)