တာလေ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ် (၂) ရပ်ကွက်၌ အများပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် မြို့စည်ပင်သာယာရေးဉီးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဉီးစိုးသန်းနှင့်အဖွဲ့သည် တာလေမြို့စည်ပင်သာယာရေးဉီးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်တွင် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၀၇၁ သန်းဖြင့် အရှည် ၁၆၀ ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၆ လက်မရှိ အမှတ်(၂)ရပ်ကွက်၊ ၂/၉လမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာလေမြို့စည်ပင်သာယာရေးဉီးစီးဌာနမှ ဉီးစီးမှူး ဉီးမနားရွှီက လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး ဒုတိယအင်ဂျင်နီယာမှူးကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)