ကျောင်းကုန်းမြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ကျောင်းကုန်း နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။

ယခု မိုးအကုန်ဆောင်းအကူး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအတွင်း မီးသတ်ဆေးဘူးများ ထားရှိရေး၊ ဈေးဆိုင်ခန်းများတွင်သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှု ရှိ/ မရှိ ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ လျှပ်စစ်ဌာနဝန်ထမ်းများ၊ မြို့မဈေး ကော်မတီဝင်များ စစ်ဆေးခဲ့ပြီး၊ မြို့မဈေးကြီး သီးသန့်မီးသတ်တပ်ဖွဲ့ပိုင် မီးသတ်စက်များ၊ ရေပိုက်ငုတ်များ ကောင်းမွန်မှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)