လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို စေတနာရှင်၊ အလှူရှင်များကလှူဒါန်း

လားရှိုး နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေဆဲဖြစ်သဖြင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီတိမ်းရှောင်နေကြရသော ယာယီနေရပ်စွန့်ခွာသူများသည် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာနေကြသူများအတွက် ဒေသခံပြည်သူများက စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို လာရောက်လှူဒါန်းလျက်ရှိကြကြောင်း သိရသည်။

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် နိုဝင်ဘာလ ၄ ရက်နေ့အထိ ယာယီနေရပ်စွန့်ခွာသူဦးရေ  နှစ်ထောင်ဝန်းကျင်ခန့်ထိ ရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)