သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး၀န်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး

ချမ်းမြသာစည် နို၀င်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်  သံလျက်‌မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်း၊ အကွက်(406)ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံ ဝင်းအတွင်း ယနေ့နံနက် ၇ နာရီက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၇-၁၁-၂၀၂၃) ရက်နေ့တွင် ကျရောက်မည့်(၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းမှဦးဆောင်၍ တိုင်းထွေအုပ်မှဝန်ထမ်းများ၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်များအတွင်းရှိ မြို့နယ်ရုံးဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်တို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ရာ သံဃာ့ဆေးရုံ အကျိုးတော်ဆောင်အဖွဲ့မှ ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)