ပြင်ဦးလွင် နိုဝင်ဘာ ၄
၂၀၂၃ခုနှစ်၊ (၈ ) ကြိမ်မြောက် FIREFALL CHALLENGE CUP ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း ( ၁ )နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀)၊ ချယ်ရီလမ်းနှင့် ရတနာလမ်းသွယ်အနီး၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ရှေးဦးစွာ တာဝန်ရှိသူများက ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားစားသမားများဟာ မိမိကျေးရွာ၊ မြို့၊ ခရိုင်ကိုယ်စားပြု ယှဉ်ပြိုင်နေကြတာဖြစ်ပြီး နိုင်ငံတော်အနာဂတ်၏ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရမည်ဆိုတဲ့ နိုင်ငံကိုအကျိုးပြုနိုင်မည့် အားကစားမောင်မယ်များပေါ်ထွက်လာအောင် ဒီလိုပြိုင်ပွဲကောင်းတွေ ကျင်းပနိုင်ရေး၊ ပျော်ပျော်ရွှင်ရွှင်နှင့် တစ်ယောက်နှင့်တစ်ယောက်အား ကစားစံချိန်စံညွှန်းနှင့်အညီ စည်းကမ်းသာ အဓိကဆိုတဲ့ဟာကို ရင်ထဲမှာအပြည့်ထားပြီး ပြိုင်ဆိုင်လိုစိတ်အပြည့်အဝနှင့် ပူးပေါင်းပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်း အသီးသီးပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစား အဌာန်ရွတ်ဆိုခဲ့ကြသည်။
၂၀၂၃ခုနှစ် ၊ (၈) ကြိမ်မြောက် FIREFALL CHALLENGE CUP ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ( ၃ - ၁၁ - ၂၀၂၃ ) မှ ( ၁၁ - ၁၁ - ၂၀၂၃ )ရက်နေ့ထိ နေ့စဉ်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆုရရှိသောအသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက် )