မိုင်းရှူးမြို့နယ်တွင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းရှူး နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်များ စွမ်းရည်မြှင့်မားတိုးတက်လာစေရေးအတွက် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယ‌နေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခ‌ရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲသို့ Grade-5မှGrade-9 ကျောင်းသား (၁၅) ၊ ကျောင်းသူ (၂၆) ဦး၊ စုစုပေါင်း (၄၁) ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲသို့ Grade-5 မှ Grade-9 ကျောင်းသား (၁၈) ၊ကျောင်းသူ (၃၄) ဦး စုစုပေါင်း (၅၂) ဦးတို့ ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အဆိုစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပြည်နယ်အဆင့်စွမ်းရည်ပြိုင်ပွဲများသို့ ဆက်လက်၍ ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)