မန်ကန် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် ဒေသဝက် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းအားဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
“မန်ကန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေရန် အတွက် ဒေသဝက်များကို တစ်ကောင်မွေးမြူရာတွင် သားခွဲ(သားပေါက်)တစ်ကောင်လျှင် ငွေကျပ် ငွေကျပ်တစ်သိန်းမှ တစ်သိန်းငါးသောင်းကျပ်ထိ ဝယ်ယူမွေးမြူရကြောင်း၊ ရောင်းချသည့်အချိန်တွင် တစ်ကောင်းလျှင် ကျပ်ခုနှစ်သိန်းမှ တစ်ဆယ့်နှစ်သိန်းထိရောင်းချရောင်း၊ ဈေးကွက်အနေဖြင့် တန့်ယန်းမြို့၊ မက်မန်ဆိုင်မြို့နှင့် ပန်ဆန်းမြို့များက လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း၊ ဒေသဝက်မွေးမြူခြင်းအားဖြင့် နှစ်စဉ်ဝင်ငွေ ကျပ်သိန်း(၃၀)မှ(၄၀)အထိ ရရှိကြောင်း၊ မိသားစုစားဝတ်နေရေးနှင့် အပိုဝင်ငွေရရှိစေရန် ဒေသဝက်များကို မိသားစုတိုင်းတွင် မွေးမြူသင့်ပါကြောင်း” ဒေသဝက်မွေးမြူသူ မန်ကန်မြိုနယ် ငှက်ကာကျေးရွာနေ ဦးဆန်ကျင်အောင်ထံမှ သိရသည်။
အေးကပ် (ပြန်/ဆက်)