ဟိုပုံး နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒေသအားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဖလား(၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပသည်။
ဗိုလ်လုပွဲစဉ်အဖြစ် ဆီဆိုင်ဘောလုံးအသင်းနှင့် ပင်လောင်း (ဗန်းမောက်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင် နေမှုအား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်း မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံဘောလုံးဝါသနာရှင် ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ဆီဆိုင်ဘောလုံး အသင်းနှင့် ပင်လောင်း (ဗန်းမောက်) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဆီဆိုင်ဘောလုံးအသင်းက ပင်လောင်း (ဗန်းမောက်) ဘောလုံးအသင်းကို (၁-၀)ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဂိုးသမားအကောင်း ဆုံးအားကစားသမားဆု ကိုလည်းကောင်း၊ ဆီဆိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက နောက်တန်းအကောင်းဆုံး အားကစားသမားဆုကိုလည်းကောင်း၊ ပင်လောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အလယ်တန်းအကောင်းဆုံး အားကစားအမားဆုကို လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသ ပညာရေးမှူး ဦးစိုးသစ်က ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုကို လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ကျော်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုကိုလည်းကောင်း၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေက ပူးတွဲတတိယဆုရရှိသော ဟိုပုံး(တောင်ရပ်-ခ) ဘောလုံးအသင်းကို ဆုတံဆိပ်နှင့် ငွေကျပ်(၁)သိန်းကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က ပူးတွဲတတိယ ဆုရရှိသော ဆီဆိုင်(လွယ်မွန်း) ဘောလုံးအသင်းကို ဆုတံဆိပ်နှင့် ငွေကျပ်(၁)သိန်းကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က ဒုတိယဆုရရှိသော ပင်လောင်း (ဗန်းမောက်) ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က ဒုတိယဆုရရှိသော ပင်လောင်း(ဗန်းမောက်) ဘောလုံးအသင်းအား ငွေကျပ်(၃)သိန်း တို့ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က ပထမဆုရရှိသော ဆီဆိုင်ဘောလုံး အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး က ပထမဆုရရှိသော ဆီဆိုင်ဘောလုံးအသင်းအား တံခွန်စိုက်ဒိုင်းနှင့် ငွေကျပ် (၅)သိန်းတို့ကိုလည်းကောင်း အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို အသင်းပေါင်း (၁၂)သင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဟိုပုံးမြို့နယ်မှ ဘောလုံး အသင်း(၇)သင်း၊ ဆီဆိုင်မြို့နယ်မှ ဘောလုံးအသင်း (၃)သင်းနှင့် ပင်လောင်းမြို့နယ်မှ ဘောလုံးအသင်း (၂)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တို ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)