လှည်းကူးမြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

လှည်းကူး နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ သာသနာတော်နှစ် ၂၅၆ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့မှစ၍ တစ်နှစ်ပတ်လုံး (၃၆၅) ရက်အား ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် တစ်မြို့နယ်လျှင် ၅ ရက်ဖြင့် မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ မြို့နယ် သံဃနာယကအဖွဲ့၏ သြဝါဒများနှင့်အညီ အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးသာသနာ့ဗိမာန်တော်ကြီး၌ ယမန်နေ့  ညနေ ၄ နာရီက ကျင်းပကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ဩဝါဒါစရိယ ဘဒ္ဒန္တဓမ္မာလင်္ကာရ မဟာကမ္မဌာနစရိယ နိမ္မာန်ဆိပ်ဦးမဟာစည်ရိပ်သာ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ဒေါက်တာဘဒ္ဒန္တ ကောဝိဒအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဇ္ဈိမဂုဏ်ရည်မဟာစည်တောရရိပ်သာ အရှင်သူမြတ် အမှူးပြုသော သံဃာတော်အရှင်သူမြတ် ၁၂ ပါး ကြွရောက်ချီးမြှင့်တော်မူပြီး အခမ်းအနားကို နမောတဿ ၃ ကြိမ် ရွတ်ဆိုကန်တော့ ဖွင့်လှစ်သည်။ ဆက်လက်၍ နိဗ္ဗာဆိပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ကြွရောက်လာသော သံဃာတော အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး လှည်းကူးခရိုင်စီမံ

အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပူဇော်ကြသည်။

ထို့နောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းအား ညနေ ၅ နာရီမှ စတင်ကာ သံဃာတော်အရှင်သူမြတ် ၂၄ ပါးက ရွတ်ဖတ်ပူဇော်ပြီး နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၈ ရက်ထိ ၅ ရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်အား ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)