မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးထားရှိသည့် ဝါများအောင်မြင်ဖြစ်ထွန်း

မိတ္ထီလာ နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဝါမျိုးစုံစိုက်ဧက ၈၉၁၃ ဧက စိုက်ပျိုးနိုင်ပြီး ၎င်းစိုက်ပျိုးထားရှိသည့် ဝါစိုက်ဧကများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။             

မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား တစ်ဧက အထွက်တိုး၍ ဝင်ငွေတိုးနိုင်သည့် ဝါသီးနှံကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ဒေသခံတောင်သူများအား အထွက်နှုန်းကောင်း သည့် ချည်မျှင်ရှည်ဝါနှင့် မလှိုင် ဝါချည်မျှင်တို့ကို မိုးကြို၊ မိုးနှင့် မိုးနှောင်းကာလများတွင် စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက် ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မိုးကြိုကာလတွင် ချည်မျှင်ဝါစိုက်ဧက ၂၉၆ ဧက မိုးကာလ တွင် ချည်မျှင်ရှည်ဝါ စိုက်ဧက ၉၁၆ ဧက၊ မိုးနှောင်းကာလတွင်  ချည်မျှင်ရှည်ဝါစိုက်ဧက ၇၆၈၁ ဧက နှင့် မလှိုင်ဝါ(ချည်မျှင်တို) စိုက်ဧက ၃၂၀ ဧကတို့ စိုက်ပျိုးပြီးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဝါမျိုးစုံစိုက်ဧက ၈၉၁၃ စိုက်ပျိုးနိုင်ခဲ့ရာ အဆိုပါ ဝါမျိုးစုံစိုက်ဧကများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)