အမရပူရ နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထန်းတောကျေးရွာအနီးရှိ ရတနာပုံတက္ကသိုလ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဇီဝိတဒါန ငှက်လွှတ်ပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၇ နာရီခွဲက အဆိုပါ တက္ကသိုလ်တွင် ပြုလုပ်ကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းတို့က လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ရတနာပုံတက္ကသိုလ် ပင်မဆောင်ရှေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၅) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါနအဖြစ် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥက္ကဋ္ဌ ဦဖြိုးအောင်ထွန်းနှင့် ဝန်ထမ်းများက ငှက်ကောင်ရေ ၉၀ ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)