ဟိုပုံး နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာသနာလင်္ကာရသာမဏေကျော် စာမေးပွဲ ကျင်းပပြုလုပ်နိုင်ရန်တွက် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီအချိန်က နောင်တောင်း ပရဟိတတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့ တပ်နယ်ကွက်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ စစ်သည်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ နောင်တောင်းပရဟိတ တပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် တတိယအကြိမ်မြောက် နာဂပုရသာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲ ကျင်းပပြုလုပ်မည့် နောင်တောင်းပရဟိတတပ်ဦးကျောင်းအတွင်း အမှိုက်များ ရှင်းလင်းခြင်း၊ ဘုန်းတော် ကြီးကျောင်း ဆောင်မုဒ်ဦး အဝင်အား သန့်ရှင်းရေးဆောင်ရွက်ခြင်း ၊ ယာဉ်ရပ်နားမည့်နေရာအား ခြုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းအတွင်းရှိ တောင်ပေါ်စေတီ အတက်လမ်းတို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ သည် အလှူရှင်များမှ လှူဒါန်းထားသည့် အလျား(၃၀၀)ပေ၊ အနံ(၁၀၀)ပေရှိ နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများက နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ဆရာတော်အား အလှူငွေနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် နာဂပုရသာ သနာလင်္ကာရအသင်းအား (၂၀၂၁) ခုနှစ်တွင် စတင်ဖွဲ့ စည်း၍ ပထမအကြိမ်အဖြစ် မြို့နယ်အဆင့်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကျင်းပမည့် တတိယ အကြိမ် နာဂပုရသာ သနာလင်္ကာရသာမဏေကျော်စာမေးပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း( ၂၃၂၅)ပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး နိုဝင်ဘာလ(၁၃) ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)