ကျိုင်းတုံ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျိုင်းတုံတက္ကသိုလ်မှ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်ဆိုင်ရာ ပါမောက္ခနှင့် တွဲဖက်ပါမောက္ခများက ဘာသာရပ်များအလိုက် သင်ထောက်ကူ ပစ္စည်းများ လက်တွေ့ အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမများအား (၂) ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များရှိ အခြေခံပညာ အထက်တန်းဆင့်သင် ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ ၁၅၇ ဦး တက်ရောက်ဆွေးနွေးနေမှုအား ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)မှ ညွန်ကြားရေးမှူး ဒေါ်ခင်ညိုညိုနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)