ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်း မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ဒဂုံမြောက် နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာ စကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှု စွမ်းရည်၊ အင်္ဂလိပ်စာဘာသာ စကားပြောကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်နှင့် ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်‌ပေးနိုင်ရန်ရည်ရွယ်၍ နိုဝင်ဘာ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့ ကြောင်း သိရသည်။ 

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များမှ အင်္ဂလိပ်စာစွမ်းရည် ဘာသာရပ်ဖြေဆိုသူ Grade-5 မှ Grade-9 ထိ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၈၈) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲ၌ Grade-5 မှ Grade-9 ထိ  စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၉၆) ဦး ပါဝင်ဖြေဆိုခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပြိုင်ပွဲကို ရေးဖြေနှင့် နုတ်ဖြေနှစ်မျိုးဖြင့် ကျင်းပခဲ့ရာ စွမ်းရည်ပြိုင်ပွဲမှ အတန်းတစ်တန်းလျှင် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာ ရပ်တို့တွင် ထူးချွန်သည့် ကျောင်းသား/ကျောင်းသူ (၁၀) ဦးစီ ရွေးချယ်၍ ခရိုင်အဆင့်  စွမ်းရည်ပြိုင်ပွဲသို့ ဆက်လက်ဝင်ရောက် ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

မြင့်မြင့်ရီ