မိုင်းခုတ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်က သဘာဝဘေးအန္တရာယ်အကြောင်းနှင့် ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်းက ပလတ်စတစ် ဖြစ်ပေါ်လာပုံ၊ ပလတ်စတစ် ဆိုးကျိုးများ အကြောင်းကို ယမန်နေ့ နေ့လည် (၂:၀၀) နာရီအချိန်က အကျယ်တဝင့် ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ကြပြီးနောက် "ပလတ်စတစ် ညစ်ညမ်းမှု အန္တရာယ် ဝိုင်းဝန်းကာကွယ်" ခေါင်းစဥ်ဖြင့် မြန်မာ/ရှမ်း/လားဟူ ဘာသာစကားများ ပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သီတာအေး (ပြန်/ဆက်)