အောင်မြေသာစံ နိုဝင်ဘာ ၄
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအနေဖြင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၄လမ်း၊ ၆၄×၆၅ လမ်းကြားရှိ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း(အရာရှိ)များ၊ စာတမ်းဖတ်ကြားမည့်သူများ၊ စုစုပေါင်း (၆၅) ဦးခန့် တက်ရောက်ကြသည်။
အစီအစဉ်အရ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာ အောင်ဆွက အမှာစကား ပြောကြားပြီး ခရိုင်/မြို့နယ်များမှ စာတမ်းရှင်များက အုပ်ချုပ်ရေးဝန်ထမ်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ခေါင်းစဉ်ဖြင့် စာတမ်း(၄)စောင်ကို ဖတ်ကြားကြသည်။
ထို့နောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်း (အရာရှိ) များအား မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက ဂါရဝပြု လက်ဆောင်များ ပေးအပ်၍ နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရသည်။
မြင့်မော်ထွန်း