တနိုင်း နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဉာဏစွမ်းရည်တိုးတက်စေရန် ပုံပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျောင်းသားလူငယ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စကားပုံဆက်နှင့် ပုံပြောပြိုင်ပွဲ ဆောင်ရွက်ခဲ့ရာ ကျောင်းသားလူငယ် (၁၈)ဦးတို့က ပျော်ရွှင်တက်ကြွစွာ ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်ခဲ့ရာ ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုများချီးမြှင့်ကြသည်။
ပြိုင်ပွဲများကို ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်ခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောဆို ဆွေးနွေး တတ်စေရန်နှင့် စာကြည့်တိုက်၌ ပျော်မွှေ့ပြီးဘက်စုံဖွံ့ဖြိုးသည့် လူတော်လူကောင်းများ ဖြစ်စေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
မနောမြေ(တနိုင်း)