ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ဆောင်းရာသီအကြို ကလပ်ပေါင်းစုံ အမျိုးသားအသက် (၃၀)နှစ်အထက် မိတ်သဟာယ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် ငြိမ်းချမ်းသာယာအားကစားကွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်သည့် ဆောင်းရာသီအကြို ကလပ်ပေါင်းစုံ အမျိုးသားအသက်(၃၀)နှစ်နှင့်အထက် မိတ်သဟာယဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်သည်။

ရှေးဦးစွာ ဗိုလ်လုပွဲကို ချယ်ရီအားမာန်ဘောလုံးအသင်းနှင့် Amber Land ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဘောလုံးအားကစားဝါသနာရှင်များနှင့် ကြည့်ရှုအားပေးကြရာ Amber Land ဘောလုံးအသင်းက အနိုင်ရဗိုလ်ဆွဲသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက ပထမဆုရ ဘောလုံးအသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလား၊ ဂုဏ်ပြုဆုငွေတို့ကို ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)