ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Physical Fitness Dance သင်တန်း ဖွင့်လှစ်

ပေါင်    နိုဝင်ဘာ   ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် Physical Fitness Dance သင်တန်းကို ယနေ့နံနက်ပိုင်းကစတင်၍ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ   ဦးစီးအရာရှိ ဒေါ်အေးသီတာအောင်က  Physical Fitness Dance ကစားခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပြီး မိမိကိုယ်ကိုယုံကြည်မှုများ ရရှိမည်ဖြစ်ကြောင်း ခန္ဓာကိုယ်ပျော့ပျောင်းခြင်း၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ခြင်း၊ စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန် လျော့ကျစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းကို ဆက်လက်ပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာလ(၃) ရက်နေ့မှ (၅) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)