ကျောက်ဆည်မြို့နယ် ရွာနန်းအခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောက်ဆည်   နိုဝင်ဘာ    ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရွာနန်းအခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မားရေးနှင့် ကျန်းမာကြံ့ခိုင်သည့် ကျောင်းသား/ကျောင်းသူများ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်စမ်းစမ်းဌေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများပြည့်စုံရေး စာအုပ်စာပေများ ဖတ်ကြရန်၊ ကျန်းမာရေးကောင်းမွန်စွာနေထိုင်ကြရန်နှင့် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ တိုင်းရင်ဆေးမှူး ဒေါ်ဆွေဆွေမြင့်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် ကာကွယ်ခြင်းနည်းလမ်းများအကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့စစ်ဆေးကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)