ထန်းတပင် နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာသင်ကြား ရေးစွမ်းရည်များတိုးတက်လာစေရေး၊ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားနှင့် သင်္ချာဘာသာရပ်ကျွမ်းကျင်မှုများမှတဆင့် သက်ဆိုင်ရာဘာသာရပ်များကို လေ့လာသင်ယူရာတွင် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို နိုဝင်ဘာလ(၂)ရက်နေ့မှစတင်၍ နိုဝင်ဘာလ(၃)ရက်နေ့အထိ (၂)ရက်ကြာ အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင်လည်း အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲသို့ Grade- 5 ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး၊ Grade- 6 ကျောင်းသား၊ ကျောင်းသူ (၄၂)ဦး၊ Grade- 7ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး၊ Grade- 8 ကျောင်းသား၊ ကျောင်းသူ (၄၂)ဦးနှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူ (၄၃)ဦးစုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၀၂)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲသို့ Grade- 5 ကျောင်းသား၊ ကျောင်းသူ (၄၃)ဦး၊ Grade- 6 ကျောင်းသား၊ ကျောင်းသူ (၄၃)ဦး၊ Grade- 7ကျောင်းသား၊ ကျောင်းသူ (၃၈)ဦး၊ Grade- 8 ကျောင်းသား၊ ကျောင်းသူ (၄၂)ဦးနှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူ (၄၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၁၁)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။
အဆိုစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ခရိုင်အဆင့်စွမ်းရည်ပြိုင်ပွဲများသို့ ဆက်လက်၍ ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)