ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် (Quarantine) ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Rapid Diagnostic Test Kit ဖြင့် ဆက်လက် စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းမှ စ၍ မြို့နယ်အတွင်းရှိ (Quarantine Center)များတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးပေးခဲ့သည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာမှူး အဆင့်(၁) ဦးသိန်းမြင့် ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ အထက(ခနောင်တို)၊ ထ(ခွဲ)အလက စသည့် (Quarantine Center) ၂ ခုနှင့် မြို့နယ်ဆေးရုံတွင် တက်ရောက်နေသူ စုစုပေါင်း (၅၇)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အား Rapid Diagnostic Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၅)ဦး မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပြီး ၎င်းတို့အား ရောဂါကုသရေး စင်တာသို့ အမြန်ဆုံးပို့ဆောင် နိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အောက်တိုဘာလ ၂၁ ရက် နံနက်(၁၀)နာရီ အချိန်ထိ (Quarantine Center) (၄)ခုတွင် Quarantine ဝင်ရောက်နေသူ(၁၃၁)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၁၉၇)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ (၈၈)ဦးနှင့် သေဆုံးသူ (၆)ဦးရှိကြောင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)