မှော်ဘီမြို့တွင် တိရစ္ဆာန်‌ကောင်ရေ စာရင်းမြေပြင်ကောက်ယူခြင်းလုပ်ငန်းစတင်

မှော်ဘီ နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် နိုင်ငံတော်အဆင့်မြေပြင်ရှိမွေးမြူရေးတိရစ္ဆာန်ကောက်ယူခြင်းလုပ်ငန်းကို အမှတ်(၂)ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌနကဦးဆောင်၍ စာရင်းကောက်ယူခြင်းလုပ်ငန်းစတင်လျက်ရှိသည်။

တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်း အတည်ပြုထုတ်ပြန်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရေးအတွက် အိမ်မွေးတိရစ္ဆာန်‌စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြေပြင်ရှိစာရင်း၏ (၂၀)ရာခိုင်နှုန်းကောက်ယူသွားမည်ဖြစ်ပြီး ‌စီးပွားဖြစ်မွေးမြူသည့်လုပ်ငန်းများကို ရာနှုန်းပြည့်ကွက်ပြည့်စာရင်းကောက်ယူသွားမည်ဖြစ်ကြာင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရှိသည်။

စာရင်းကာက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ရက်ပေါင်း(၆၀)သတ်မှတ်ကာအချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးရွာ/ရပ်ကွက်အတွင်းရှိပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး စာရင်းကောက်ယူရာသို့ မြို့နယ်တိရစ္ဆာန်စာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီဝင်များမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဇော်(မှော်ဘီ)