မြင်းခြံ နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အထိမ်းအမှတ်အကြို စုပေါင်း သွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စုပေါင်း သွေးလှူဒါန်းခြင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္က ဦးကျော်ဝင်းစိန် မြို့နယ် စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္က ဒေါ်ခင်စောညွန့်နှင့်အဖွဲ့တို့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၁၀)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်(ပြန်/ဆက်)