သာစည် နိုဝင်ဘာ ၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် ၁၈ နှစ်အောက် အခြေခံပညာအဆင့် ကျောင်းများ အားကစားပြိုင်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြို့နယ်အဆင့် လူရွေးချယ်ပွဲများကို ယနေ့ နံနက် ၈ နာရီက စတင်၍ မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင့်ဘော်က အားကစားသမားများနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် လူရွေးချယ်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စည်းကမ်းရှိစွာဖြင့် ကြိုးစားကစားကြရန် မှာကြားသည်။ လူရွေးချယ်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊ အလယ်တန်းအဆင့် ကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ကြပြီး ကျောင်းအဆင့် မြို့နယ် အားကစားလက်ရွေး စင် ရွေးချယ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလုံးအားကစားတွင် (ကျား/မ) တစ်သင်းစီ ဘော်လီဘော အားကစားနှင့် ပိုက်ကျော်ခြင်း အားကစားနည်းတို့တွင် (ကျား)တစ်သင်းစီ၊ ပြေးခုန်ပစ်အားကစား နည်း ၇ မျိုးတွင် ကျား ၇ ဦး ၊ မ၇ ဦး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရကာ လူရွေးချယ်ပွဲများကို လေးရက်ကြာ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အဆင့် လက်ရွေးစင် ရွေးချယ်ခံရသော ကျောင်းသား/သူများသည် မိတ္ထီလာခရိုင်၌ ခရိုင်အဆင့် သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ထပ်မံရွေးချယ်ခံရ ပါက ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)