ရသေ့တောင်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း အခမ်းအနားနှင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆောင်ရွက်

ရသေ့တောင် နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တောင်လှမော်ကျေးရွာ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါက်တာခင်မြင့်မြင့်စံက တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြေကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်း​​ပြောကြားခဲ့သည်။

ထို့နောက် တိရစ္ဆာန်ကောင်ရေစာရင်းကို တောင်လှမော်ကျေးရွာတွင် ကောက်ယူကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြသည်။

ရသေ့တောင်မြို့နယ်တွင် ရပ်ကွက်(၁)ခု၊ ကျေးရွာပေါင်း(၃၉)ရွာမှ တိရစ္ဆာန်ကောင်ရေစာရင်းများကို နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 ထွန်းလင်းကျော်(ပြန်/ဆက်)