ညောင်ဦး နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ (၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုမှ နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတို့အား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က တစ်နေ့တာ အာဟာရကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့ အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ကွက် နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတို့အား တစ်နေ့တာ အာဟာရ ကျွေးမွေးလှူဒါန်းခြင်းနှင့် လိုရာသုံး ငွေကြေး ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဟာရဒါန ကျွေးမွေးလှူဒါန်းရာသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ညောင်ဦး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ တက်ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း(ပြန်/ဆက်)