ဗဟန်း နိုဝင်ဘာ ၃
ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်ချက်ဖြင့် လူငယ်များအသင်း(Youth Club)နှင့်ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းကို ယနေ့၊ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက လူငယ်စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ကိုရှင်းလင်းပြောကြားပြီး စာရေးဆရာမောင်မင်းစိုးရေးသားသည့် လူငယ်နဲ့ခေါင်းဆောင်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကိုစတင်ခဲ့ရာ လူငယ်များအသင်း(Youth Club)အဖွဲ့ဝင်များတို့က မိမိ၏ထင်မြင်ယူဆချက်များနှင့်တွေးခေါ်မှုများအား တစ်ဦးနှင့်တစ်ဦးအပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာကြသောလူငယ်များက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်တို့ကို ကြည့်ရှုကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)