သံဖြူဇရပ် နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မီးဘေးအန္တာရယ်ကင်းရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့မစျေးကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်နှင့် စျေးတာဝန်ခံ ဒေါ်လှယဥ်ထွေးတို့မှ ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) မြို့မစျေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များမှ အမှတ်(၁)မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများ လေဝင်လေထွက် ကောင်းမွန်မှုအခြေအနေ၊ ပစ္စည်းများစနစ်တကျ သိုလှောင်ထားရှိမှု၊ မီးငြိမ်းသတ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပေးပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပြီး၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ပရဆေးဆိုင်များစသည့်ဆိုင်ခန်းများ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ကြိုးများစနစ်တကျ သွယ်တန်းထားမှု ရှိ /မရှိ၊ မီးသတ်ဆေးဗူးများအသုံးပြု၍ ရ/ မရ၊ Hydrunt ငုတ်များ တပ်ဆင်ထားမှုအခြေအနေနှင့် ကောင်း /မကောင်း၊ ရေသိုလှောင်ကန်ထားရှိမှု အခြေအနေများကို စစ်ဆေးသည်။ အဆိုပါ အမှတ်(၁) မြို့မစျေးတွင် ဆိုင်ခန်းပေါင်း (၁၁၀၂)ခန်းရှိပြီး CCTV (၁၃)လုံး တပ်ဆင်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)