ကျိုက်ထို နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုက်ထိုခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့၊ နံနက် ၉ နာရီခွဲအချိန်က ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသွေးလှူဒါန်းရာသို့ ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ သွေးလှူဒါန်းကြသည့်ဝန်ထမ်းများထံ အားဆေး၊ အချိုရည်၊ ကြက်ဥ၊ ငှက်ပျောသီးစသည့် အာဟာရဖြည့်စွက်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သွေးလှူဒါန်းရာတွင် ကျိုက်ထိုခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိနှင့်အခြားအဆင့်ဝန်ထမ်း စုစုပေါင်း(၁၆)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခွန်မောင်အိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ခြင်း၊ သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်ထို(ပြန်/ဆက်)