အလုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

အလုံ   နိုဝင်ဘာ   ၃ 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးနှင့် ပိုးလောက်လန်းများ မပေါက်ပွားစေရေးတို့အတွက် အလုံမြို့နယ်အတွင်းရှိ ရပ်ကွက်နေအိမ်များသို့ ယမန်နေ့ညနေ ၃ နာရီ အချိန်က အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး တစ်အိမ်တက်ဆင်း ကျန်းမာရေး အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးသတင်းစကားများ ပြောကြားခြင်း၊ ဘုရားပန်းအိုးများကို စနစ်တကျနေ့စဉ် လဲလှယ်တတ်စေရန် သရုပ်ပြခြင်း၊ သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် နေရာများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် နေအိမ်နှင့် ခြံဝင်းများအတွင်း ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သူဇာနှင်း