မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအတွင်း၌ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၃

‌မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင် ရပ်ကွက်ကန်ပတ်လမ်းရှိ ကန်တော်ကြီးအတွင်း၌ မန္တလေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၇-၁၁-၂၀၂၃) ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဖြင့် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့် အဖွဲ့ဝင်များ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ဇနီးများ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ဇနီးများ အမှုထမ်း/အရာထမ်းဝန်ထမ်းများ စုစုပေါင်းဝန်ထမ်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ကန်တော်ကြီး အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ(၅၀၀၀)ကောင်၊ ငါးခုံးမ ငါးသားပေါက် ကောင်ရေ (၅၀၀၀) ကောင်၊ စုစုပေါင်း ငါးသား‌ပေါက်အကောင်ရေ (၁၀၀၀၀) ကောင်အား ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း