(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ်

သထုံ     နိုဝင်ဘာ    ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သထုံခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြသည်။

စုပေါင်းသွေးလှူဒါန်းရာသို့ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ သွေးလှူဒါန်းကြသည့် ဝန်ထမ်းများထံ အားဆေး၊ အချိုရည်၊ ကြက်ဥ၊ ငှက်ပျောသီး စသည့် အာဟာရဖြည့်စွက်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

သွေးလှူဒါန်းရာတွင် သထုံခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိနှင့် အခြားအဆင့်ဝန်ထမ်း စုစုပေါင်း (၁၅)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ သထုံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ခြင်း၊ သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ခရိုင်ပြည့်သူ့ဆေးရုံအုပ်ကြီးက သွေးလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)