လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၅၉၇ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး

လယ်ဝေး နိုဝင်ဘာလ ၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Dataနှင့် Biometric Data များ ကောက်ယူ၍ Databaseတွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ နိုဝင်ဘာလ ၂ ရက်တွင် ပြည်ဝင်အုပ်စုတွင် ၁၁၆ ဦး၊ မြို့နယ်လဝကရုံး၌ ၄၈ဦး၊ အမှတ် ၁ ရပ်ကွက်တွင် ၁၃၄ ဦး၊ အမှတ် ၃ ရပ်ကွက်တွင် ၂၉၉ ဦး၊  စုစုပေါင်း ၅၉၇ ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)