မော်လမြိုင် နိုဝင်ဘာ ၃
မော်လမြိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် တောင်သူများအား ဆောင်းသီးနှံသီးညှပ်စိုက် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကော့ခနိကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ယုနှင့်အဖွဲ့ဝင်(၁)တို့က မော်လမြိုင်မြို့နယ်တွင် နေကြာစိုက်ပျိုးရန်အတွက် အကောင်းဆုံးစိုက်ပျိုး မြေများရှိပြီးဖြစ်ပါကြောင်း၊ ယခုထောက်ပံ့ပေးအပ်သော နေကြာမျိုးစေ့များကိုလည်း အောင်အောင်မြင်မြင်ဖြင့်စိုက်ပျိုးကြရန်၊ စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံနေကြာတိုးမြှင့် စိုက်ပျိုးမှုအခြေအနေများနှင့် နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးနည်းပညာရပ်များနှင့် ကူညီထောက်ပံ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဝါဝါရီက တောင်သူများအား ဆောင်းသီးနှံ သီးညှပ်စိုက်နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားကာ မော်လမြိုင်မြို့နယ်အတွင်းရှိ ဆောင်းသီးနှံ သီးညှပ်စိုက်နေကြာစိုက်ပျိုးရန် စီမံကိန်းဝင်ကျေးရွာအုပ်စု ၁၃ အုပ်စု စိုက်ပျိုးမည့်ဧက(၁၀၀၀)ရှိပြီး ကော့ခနိကျေးရွာ၌ ဧက(၁၀၀)အတွက် 3KG ပါ နေကြာမျိုးစေ့အိတ် ၁၀၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဝင်(၁/၂) မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တောင်သူလယ်သမားများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲသို့ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁/၂) မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)