တကောင်း အောက်တိုဘာ ၂၂
တကောင်းမြို့၌ သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန်ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီက တကောင်းမြို့ အမှတ် ၂ ရပ်ကွက်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တကောင်းမြို့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ တကောင်းမြို့ ရပ်ကွက်(၁)နှင့် (၂)ရှိ အသက်(၉)နှစ်မှ (၁၀)နှစ် အတွင်းရှိ မိန်းကလေးငယ် ၂၈ ဦး အား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး များ ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုအောင် (တကောင်း)