သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

သုံးခွ  နိုဝင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့၊ Youth Club  အဖွဲ့တို့ ပူးပေါင်း၍ စာပေချစ်သူများစာဖတ်ပရိသတ်များ၊  စာပေကိုပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် "လမ်းမှန် ကမ်းမှန် အောင်စိတ်သန်” စာအုပ်  စာဖတ်ဝိုင်းကို  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၃နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်၊၊

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ   ဒေါ်တင်တင်ထွေး က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် Women Club အဖွဲ့ဝင် ဒေါ်သက်မွန်က စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် " အောင်မြင်မှုဆိုတာဘာလဲ " ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင်    လူသားအားလုံးလိုလို အောင်မြင်ခြင်းကို ပြည့်စုံစွာရရှိရန် ဆန္ဒရှိကြပါကြောင်း၊ အောင်မြင်မှုဆိုသည်မှာ ဖြစ်ချင်သောဆန္ဒကို ဖြစ်နိုင်ခြင်းပင်ဖြစ်ပါကြောင်း၊ အကျယ်ပြောရမယ်ဆိုရင်  သွားချင်တဲ့နေရာကိုသွားနိုင်ခြင်း နေချင်သောနေရာမှာနေနိုင်ခြင်း၊ ဝတ်ချင်တဲ့အဝတ်ကို  ဝတ်နိုင်ခြင်းဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် Youth club အဖွဲ့ဝင် "မသက်သက်ဝေ က တော်မှကောင်းမှအောင်မြင် ခေါင်းစဥ်ဖြင့်ဆွေးနွေးရာ  အောင်လိုသူမှန်သမျှမှာ ပထမအဆင့်  ကောင်းရပါကြောင်း၊ ဒုတိယအဆင့်မှာတော်ရ၏  တော်မှကောင်းမှ လူ့ဘဝအောင်မြင်၏ အရာရာကို အောင်မြင်နိုင်မှာဖြစ်ပါ‌ကြောင်း၊ ကောင်းသည်ဆိုသည်မှာ  စာရိတ္တ၊  ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည်ဟု ယူဆမိပါကြောင်းစသည်ဖြင့် ပြောကြားသည်၊၊

ဆက်လက်၍ Book Club အဖွဲ့ဝင် မဝေဝေကျော် ကလည်း "အောင်လိုလျှင် ပူးပေါင်းဆောင်ရွက်  ”  ခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိသောအင်အားသည်       တစ်ယောက်ဆောင်ရွက်သောအင်အားထက် များစွာသာလွန်နေမှာဖြစ်ပါကြောင်း၊    ထို့ကြောင့်   အများပူးပေါင်းဆောင်ရွက်သောအားဖြင့်   ရရှိသောအောင်မြင်မှုသည် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်၍ရသော   အောင်မြင်မှုထက်    သာလွန်မည်ဖြစ်ပါကြောင်း စသည့်စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်၊၊

စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်   အသိပညာပေးနံရံကပ် စာစောင်များကို     စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်၊၊

စည်သူလင်း (ပြန်/ဆက်)