တပ်ကုန်း နိုဝင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် အားကစား လေ့ကျင့်ခြင်းနှင့်လူရွေးချယ်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းများတွင် ကျင်းပဆောင်ရွက်ကြသည်။
အဆိုပါကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်၊ ကြက်တောင်၊ ပြေးခုန်ပစ်နှင့်စားပွဲတင် တင်းနစ် ကစားနည်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၆၇ကျောင်း၊ ဘုန်းတော်ကြီး သင်ကျောင်း လေးကျောင်း၊ ကိုယ်ပိုင်ကျောင်း ခြောက်ကျောင်းတို့မှ ကျောင်းအဆင့် လက်ရွေးစင်အားကစားထူချွန်ထက်မြတ်သော ကျောင်းသား၊ ကျောင်းသူများအား အသင်းအဖွဲ့များ ပြန်လည်ဖွဲ့စည်းကာ ပွဲစဉ်ဇယားများရေးဆွဲယှဉ်ပြိုင်ပြီး၊ မြို့နယ်လက်ရွေးစင် အားကစားမောင်မယ်များအဖြစ် စီစစ်ရွေးချယ်နိုင်ရေး အားကစားပြိုင်ပွဲမျာကို နိုဝင်ဘာ ၃ရက်နေ့မှ ၉ ရက်နေ့ထိ မြို့နယ်အားကစားကွင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတို့တွင် ပြိုင်ပွဲများကျင်းပ၍ လူရွေးချယ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
တင်စိုးလွင်