၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်တွင် ဝင်​ရောက်ယှဥ်ပြိုင်နိုင်​ရေးအတွက် မြို့နယ်အဆင့် အားကစား​ပြိုင်ပွဲ လူရွေးချယ်ပွဲ ကျင်းပ

သပိတ်ကျင်း နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယလှုပ်ရှားမှုကြောင့် ကျန်းမာသန်စွမ်း၍ ပညာဉာဏ် ထက်မြက်ပြီး ထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ပေါ်ထွန်းလာပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အဆင့်အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဝါးဖြူတောင် အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလုံး ( ကျား/မ) ပြိုင်ပွဲ၊ ပြေးခုန်ပစ် (ကျား/မ) ပြိုင်ပွဲများ ပါဝင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ( ၂၀)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၂၅၀) ဦးမှ မြို့နယ်အဆင့် လက်ရွေးစင် အားကစားသမားများအဖြစ် ဝင်ရောက်ယှဥ်ပြိုင် အရွေးချယ်ခံခဲ့ကြပြီး ခရိုင်အဆင့်/ တိုင်းအဆင့် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ဆက်လက်စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဖြိုးဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်နှင့် တာဝန်ရှိသူ များ၊ မြို့နယ်စီမံအုပ်ချုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများမှ ပြိုင်ပွဲဝင်များအား လိုက်လံကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)